Tuesday, October 1, 2013

အကြံလှတဲ့သူနဲ့ အပိုင် ဖမ်းတဲ့သူနှစ်ယောက်ကြားက---- ငါ


တခါ သေဖိုး ပျဉ်ဖိုးနားလည်တဲ့
ပျဉ်းဖိုးကို နားလည်ပေမယ့် 
အခါအခါသေ နေရ တာ ကိုက
ရင် နာ စရာ ရယ်ပါ
လူတ ယောက် ကို
တန်ဖိုးဖြတ်ကြတယ်
နင် တို့ ရဲ့ ဗီဇ တွေအ ကြောင်း
စာနာမူမဲ့တဲ့နင်တို့ ရဲ့
လောဘ တွေအ ကြောင်း
အံတုပြီးမ ပြောလို တော့ ပါဘူး
ကိုယ်သာရင်ပြိးရောဆိုတဲ့
နင့်တို့ ရဲ့ စိတ်ဓာတ်တွေမှာ
အ ကြောင်းပြချက်
ကောင်းကောင်းတွေနဲ့
ငါ့ကို ကိုင် ကိုင် ပေါက် ပြ
နေတာကိုက ငါ့မှာ
လူရုပ်တောင် မထွက်တော့ဘူး
ချစ်လွန်းလို့ သည်းခံခဲ့တော့လဲ
ဘဝပါအနင်းခံက တယ်
ယုံကြည်လွန်းလို့ မေတ္တာအမှန်
ပေးခဲ့ပြန်တော့
လူမသိသူမသိ အ စော်ကားခံရတယ်
ရှိသမျှခဝါချ နားလည်
ပေးကပြန်တော့လဲ
သိက္ခာဆိုတာ
မြောင်းထဲရောက်ကုန်တယ်
ဆောက်တည် ရာမဲ့
တစ်ယောက်ထဲ ငါ
ဖြစ်လာတဲ့အခါ
နာကျင်မြိုသိပ်
အံကြိတ်ထားတယ်
တ နေ့ ဆိုတာ ရှိမယ်
ိငါ့မျက် ရည် ပူတွေကြားမှာ
'''' နင် ''''ဆိုတာ
ထာဝရ နှစ်မြုပ် ရ စေ ကွယ်---!့

0 comments:

Post a Comment