Tuesday, October 1, 2013

"ရယ်စရာ"



ရယ်ရယ် မောမော
မောစရာတွေကိုပဲ တွေးတွေး ရယ်လို့
ရယ်သောသူ အသက်ရှည်တဲ့
ရှည်လာတဲ့ ပင့်သက်တွေ
ခဏ ခဏ ချနေမိ
နေတတ်တော့ ကျေနပ်စရာ
ကျေနပ်စရာတွေ ရှာဖွေးရင်းနဲ့
လောကကို ဟားတိုက်
သောသော ရယ်နေမိတယ်
ရယ်ရယ် မောမော
ပေါ့ပေါ့ပါးပါး
ခါးကော့ထားပါ ဆိုတဲ့
ဖတ်စားအုပ်ထဲက ဇော်ကလို
ဘဝက အထက်မရောက်အောက်မရောက်နဲ့
ပြုံပန်းဝေ ဘဝတွေ ဖြစ်အောင်
စိတ်နစ်ခါနေပြနေတာက
စိတ်သက်သာစရာပေါ့ အမိရဲ့
ဂျိုကာလို မျက်နှာဖုံးနဲ့
ပျော်ရွှင်ကာ အပူမရှိအောင်နေလို့
မြင်သောသူ မနာလိုဖြစ်စရာ
မပူတတ်တာအေးရော ဆိုသူရေ
ဆယ့်တစ်မီးတောက်လောင်ထားမှတော့
ဒီထပ်တော့ ပိုမပူနိုင်တော့ပါဘူး
ရယ်ခြင်းတွေမှာ မောမောနေတတ်တော့
မောမောနေတာတွေပဲ
တွေးတွေး ရယ်နေမိတယ်။ ။

0 comments:

Post a Comment