Tuesday, October 1, 2013
"ကျွန်မဧရာဝတီ ဘယ်ကို ဦးတိုက်လျှောက်ရမလဲပြောပါ"
သမိုင်းအဆက်ဆက်
ရာဇဝင်အထပ်ထပ်မှာ
သူက ဇာတ်လိုက်
ဧရာဝတီ……။
သူမပြောစကားနားထောင်ကြည့်မှ
ရင်နာအတွေးနဲ့ ဘာပြောရမှန်မသိခဲ့ပါ။
သစ္စာလဲမဖေါက်ခဲ့ပါဘူး
မြစ်ညာက စီးလာပေမဲ့ သစ္စာစကား
သူသစ္စာမဖေါက်တာ သမိုင်းအသိပါ။
မြစ်တွင်းကို ရိုင်းအောင်လုပ်
အငှားကိုယ်ဝန်လွယ်တဲ့ဆည်
အသံကောင်းဟစ်
ကျုပ်စီးကြောင်းပြောင်းတာ သူတို့ပေါ့။
ရင်ခွင်ကိုခွဲ ဗြုန်းကိုရှာ
ရင်ခွင်မှာမျှောတော့ သူတို့
ချူချာတဲ့ လူမာဖြစ်စေခဲ့တယ်။
စိတ်သန့်သန့်နဲ့ စီးဆင်း
နှုံးပို့ခြင်းနဲ့ ခရီးဆက်
ကျုပ်ပန်းတိုင်းက ပင်လယ်စီ။
ကျွဲကူးရေပါ မဟုတ်ဘူး
နိုင်ငံအထက်ကစ နိုင်ငံအလယ် အဆုံး
ပေးဆပ်ခြင်းနဲ့စီးဆင်း
ကျေးဇူးဆပ်ခြင်းက တာတမံဆည်
ရေကာတာတွေနဲ့။
လူလုံးမလှ ပရုတ်လုံးဘဝ လိုစီမံလို့
ရင်ခွင်မှာ ဒဏ်ရာဖြစ်ရတာ
ဘယ်သူကို ပြောရမလဲရှင်
ဘယ်သူကို တရားစွဲရမလဲရှင် ……။ ။
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment