- "ပန်းကလေး သိစေရန် (၅)
ငါ့ဘက်ကမှားသွားတာာ
အရာရာ စိတ်ဆတ်လို့
ထစ်ကနဲဆို ပြောလိုက်မိတယ်
ပန်းကလေး။
ချစ်ခြင်းတရားကပေါက်ဖွားလာတဲ့
စိတ်ပူခြင်းတွေ
စိုးရိမ်ခြင်းတွေ
တာကျိုးလို့ လျံကျလာတဲ့ စိတ်
ငါမှ မထိန်းသိမ်တတ်သေးတာ
လက်လွတ်စပယ်ဖြစ်တယ်ဆို
တောင်းပန်ပါတယ်။
ပန်းကလေးရယ်
ရိုမန်တစ်ဆန်တဲ့စိတ်နဲ့ အချစ်
ဘဝဆန်တဲ့ ဦးနောက်ရဲ့အတွေးအခေါ်
လွန်ဆွဲနေတဲ့ ဘဝမှာ
ငါ ချစ်ခြင်းတရားက မှားယွင်းသွားလား
တကယ်တော့
ချစ်တာပဲသိပြီး အရာရာ မသိတဲသူဖြစ်ခဲ့။
ဘာပဲဖြစ်ဖြစ်
ချစ်ခဲ့တာ ရိုးသားခဲ့တယ်
မလိမ်ညာခဲ့ဘူး
မကောက်ကျစ်ဘူး
လူမှုရေးမသိတာလွဲလို့ပေါ့
ဒါကလဲ ငါ့ မာန ဖြစ်နေတယ်
ပန်းကလေး။
ချစ်ခြင်းတရားတစ်ခုအတွက်
ဘုရားသခင်က ဒဏ်ခတ်လိုက်မယ်ဆို
အဲဒီအပြစ်ဒဏ် ပြုံးပြုံးလေး ခံယူလိုက်မယ်။
ချစ်ခြင်းတရားက သူနဂို
ရိုးသားတယ်ဆိုတာ
ငါ ယုံကြည်နေလို့ပါ
ပန်းကလေး ။ ။
- သိင်္ဂါလှိုင် (ကဗျာမြေသား)






0 comments:
Post a Comment