Saturday, October 5, 2013

ဟိုး...အဝေးတစ်ရာဆီသို့

ဟိုး...အဝေးတစ်ရာဆီသို့
*************************

ဟိုး..................

အဝေးက မိုးရယ်

ငါ့ရင်မှာ မီးတစ်ဟုန်းဟုန်း

တောက်လောင်နေတယ်.

ကျေးဇူးပြုပြီး

ရွာသွန်းပေးပါလားကွယ်..

ဟိုး....................

အဝေးက တိမ်တိုက်လေးရယ်

ငါ့ရဲ့ စိတ်တွေ ယိမ်းယိုင်နေတယ်

ကျေးဇူးပြုပြီး


နင့်နဲ့ အတူ လွင့်မျောခွင့်

ပေးပါလားကွယ်....


ဟိုး..........

အဝေးက ပျံသန်းနေတဲ့ ငှက်ငယ်

ငါ လမ်းပျောက်နေလို့

ကျေးဇူးပြုပြီး

ငါ့ ရဲ့ အသိုက်ရှိရာ

ညွန်ပြပေးပါလားကွယ်...


ဟိုး...........

အဝေးက လေညှင်းလေးရယ်

ငါ့နှလုံးသားမှာ သူ့ကိုလွမ်းနေလို့

ကျေးဇူးပြုပြီး

အေးမြခြင်းတွေ

သယ်ဆောင်လာခဲ့ပေးပါလားကွယ်...


ဟိုး................

အဝေး အဝေး အဝေး

တစ်နေရာဆီသို့

မျှော်ကြည့် ရင်း

မျက်ရည်မိုးတွေ စွေစွေ

ရွာသွန်းလာတော့တယ်.......

...ထာဝရညလေး...

0 comments:

Post a Comment