လမ်းခွဲခြင်းရဲ့ မနက်ဖြန်
************************
နင်ရဲ့ အပြောလေးတွေ
အရင်တုန်းကလို
မညက်သက်တော့ဘူး(မချိုသာ)
လေစိမ်းတွေနဲ့ ရောလာတယ်...
နင့်ရဲ့ အပြုံးလေးတွေ
အသက်မဲ့လာတယ်
ငါ့အပေါ် ဆက်ဆံမူတွေ
ခါးသီးလာတယ်....
တဖြည်းဖြည်းနဲ့
တို့ နှစ်ယောက်ရဲ့ အချစ်တွေဟာ
ခါးသက်သက် ဖြစ်လာတယ်
အရင်လို ချိုမြိန်မူ မရှိတော့ဘူး...
ငါ့ ရဲ့ ယုံကြည်မူတွေကို
နင် ဖျက်ဆီးလိုက်ပြီ
ပြန်တည်ဆောက်ဖို့
မလွယ်ကူတော့ဘူး...
နင့် ရဲ့ ဟန်ဆောင်လိမ်ညာများရဲ့
ပြည့်နက်မူအောက်မှာ
ငါ့ အိပ်မက်အရောင်တွေ မှေးမှိန်ခဲ့ပြီ
ငါ့ ဘယ်လို ရှေ့ဆက်ရမလဲ....
ထပ်ပြီး မနှိပ်စက်ပါနဲ့
အပိုတွေ မပြောပါနဲ့တော့ဟာ
ပုံပြင်တွေလည်း
မနားဆင် ချင်တော့ပါ....
နာကျင်စရာ အားလုံးကို
ငါ့နဲ့ အတူ ချန်ထားခဲ့ပါ
ပျော်ရွှင်စရာတွေ ယူသွားပြီး
နင့်ရဲ့ လိုရာကို ခရီးဆက်လိုက်ပါ...
တစ်ဘဝလုံးအတွက် ပုံအောပြီး
ယုံကြည်ထားခဲ့သမျှ
သေထဲ ရေသွန်းသလို ဖြစ်သွားပြီ
ငါ့ကြမ္မာနဲ့ သာ ငါပေါ့....
ဒီတစ်ညတော့ဟာ
ငါ့ ရဲ့ သိုဝှက်မူတွေ
ရင်ထဲက ခံစားချက်တွေအားလုံး
ငါ ပျို့အန်ချလိုက်ပြီ....
ရောင်နီသန်းတော့မယ်
မနက်ဖြန်လေးမှာ
တို့နှစ်ယောက် လမ်းခွဲကြရအောင်နော်.....
..ထာဝရညလေး....
0 comments:
Post a Comment