အချစ်တဲ့ ဒီဘာသာဗေဒ
ကျောင်းကဆရာတွေ သင် မ ပေးလိုက်ဘူး
result က အနုတ်ချည်းပြတယ်
လူဖြစ်လာရာ တစ်လျှောက်လုံး
ဒဿန တွေနဲ့ပဲ စာလုံးပေါင်းလာတာ
နှလုံးသားတွေ မာကြောနေသလို
ချစ်ပြီးရင် လဲ မ ပြောင်းလဲတတ်ပါဘူး
အချစ်ကိုတွေ့ပြီးတဲ့ လူတိုင်း
အချစ်နဲ့ပတ်သက်တဲ့ အဓိပ္ပာယ်တွေ
ဖွင့်ဆိုခဲ့ကြတယ် အမျိုး မျိုးပဲ ပေါ့လေ
ငါသိလိုက်တဲ့ အချစ်က တော့
လူတွေရဲ့ မသိစိတ်ထဲကို
စွဲလမ်းတတ်တဲ့ ဝိညာဉ်တစ်မျိုးပူးကပ်ခြင်းပဲ
ကိုယ့်စိတ်ကိုယ်တောင် မပိုင်တော့ဘူးလေ
ငါ့စန်းက မွေးကတည်းက ဦးကျိုးခဲ့တာ
ခုထိ ပြန်မ မော့သေးဘူး
ငါပဲ အသုံးမကျတာထင် ပါရဲ့
ဒီနေ့လည်းသူစိတ်တိုသွားပြန်တယ်
ရွယ်တူ ဆယ်ကျော်သက်တွေလို
ကာလာ စုံညီ တီတီတာတာနဲ့
လောက ကို အလှမဆင် တတ်ခဲ့
ငါ ဟာ အမြဲတမ်း
ကဗျာတွေနဲ့ အ ရောင် လွင့်နေတဲ့သူပါ
ဒါကြောင့်မို့ အချစ်ဟာလည်း ငါ့ကို
တဖြည်းဖြည်းစိမ်းသက်လာတာပေါ့
ငါ့မှာချစ်တတ်တဲ့ စိတ်လေးပဲရှိတာ
အချစ်ကိုတန်ဆာဆင် ထားတဲ့
ချွဲ့နွဲ့တာတွေ မာယာတွေ
ငါ့ဆီမှာ ကင်းမဲ့နေ လေ တော့
အချစ်ကလည်း ငါ့ကို
တဖြည်းဖြည်းပျင်းလာတာပေါ့
ဘာတွေဘယ်လိုဖြစ်ဖြစ်
ဘယ်သူတွေဘယ်လို ချစ်ချစ်
ငါတော့ ဒီနေ့ အထိန်းအမှတ်နဲ့
အကျင့်ပါနေတဲ့ လက်က
အချက်အလက်တွေကောက်မွေး
သူထားခဲ့တဲ့ ငါ့နှလုံးသားလေးနွေးအောင်
ကဗျာတွေကို လှုံလိုက်အုံးမယ်........
---ကဗျာရွာ ---







0 comments:
Post a Comment