Saturday, November 9, 2013

ဆောင်းသို့တဖက်သတ် ညည်းခြင်း



မ တွေ့ဖြစ်ကြတာ ကြာလှပေါ့
ခုဆို နင် နဲ့မတည့်တဲ့ ဆောင်းရာသီ
အလှည့် ကျလို့ရောက်ခဲ့ပြီ
နင် က တော့ ငါ့ရင် ထဲကို
ယောင် လို့တောင် ရောက်မလာပါဘူး

နင် ချစ်တာ ငါမဟုတ်မှန်း
သိခဲ့တယ် သိနေတယ် သိနေလဲ(ဆဲ)
တဖက်သတ်အမြဲတမ်းရူးတဲ့ ငါ့ကို
မိုက်မဲတဲ့လူလို့ သမုတ်
ဘယ်လိုပဲ ပုတ်ချပါစေ ငါဂရုမစိုက်ဘူး

ဒီရာသီမှာ ဂရုစိုက်ပါ
နင့်ခြေဖျားတွေက အမြဲ အေးစက်နေတတ်တယ်
နင် သိလား နင့်နှာဖျားကို လာလာတိုးတဲ့
ဆောင်းရဲ့တွေကိုလည်း ငါမုန်းခဲ့တယ်

ငါဟာဘယ်သူ့အတွက်မှ
အသုံးမဝင် ခဲ့ချင်နေပါ နင့်အတွက်တော့
နင် သုံးတဲ့ တစ်သျှူးလေးဖြစ်ချင် ခဲ့တာ
တကယ့်ကို ပြင်းပြခဲ့တဲ့ ဆန္ဒတွေပါ

အခု တော့ ငါမုန်းတဲ့ ဆောင်းရာသီသာ
ငါ့နားပြန်ပြန်ရောက်လာတယ်
အိပ်မက်တွေ ထပ်ခြောက်ခြားအုံးမယ်ထင် ရဲ့

အို..............ဆောင်း
သူ့အတွက် နင့်ကိုမုန်းခဲ့တာ ချေဖျက်ပေးမယ်
ခုချိန် သဲူ့ နှလုံးသားတွေ နွေးပါစေ တော့
ခုချိန် သူ့ နှာဖျားလေးတွေ နွေးပါစေ တော့
ခုချိန် သူ့ ခြေဖျားလေးတွေလည်း နွေးပါစေ တော့

(((( ကဗျာရွာ )))

0 comments:

Post a Comment