&&ကော်ဖီခါးခါးချစ်သူ&&
ချစ်သူရေ........
ငါ့ရဲ့ ကော်ဖီခါးခါးလေး
ချိုစိမ့်မူတွေနဲ့
ရောလာခဲ့လို့
အရသာတွေ
ကင်းမဲ့ ပျောက်ပျက်နေရပြီ....
ငါ့ ကော်ဖီခွက်လေးထဲ
နင် နို့ဆီတွေနဲ့
ခပ်ထည့်လိုက်တာလား?
ငါ မကြိုက်မှန်း သိလျက်နဲ့
ဘာကြောင့်များ
နင့်ကို မုန်းတီးအောင် လုပ်ချင်ရတာလဲ..?
ဒါပေမယ့်ဟာ
နင့်ကို မမုန်းပါ
နင့်ကို ချစ်လွန်းမူတွေနဲ့
နင် ဖျော်ပေးတဲ့ ချိုစိမ့်ကော်ဖီကို
သောက်တတ်အောင်
ကျင့်ရမှာပေါ့.....
အကုန်ပြောမယ်ကွာ
အဆိပ်တွေနဲ့
ဖျော်ခဲ့ရင်တောင်
အပြုံးမပျက်ဘဲ
နင် ကျေနပ်အောင်
ငါ သောက်သုံးပေးပါ့မယ်....
ချစ်စိတ်တစ်ခုတည်းနဲ့
နင် ဘယ်လိုကြိုးဆွဲဆွဲ
ငါ , က နေပေးပါမယ်...
နင့်ကို စချစ်မိကတည်းက
အဲဒီအချစ်နဲ့ ထပ်တူညီတဲ့
စွန့်လွတ်ခြင်းတွေကို
ငါ့ ရင်မှာ ထားရှိပြီးသားပါ...
ဘာကြောင့်လဲဆိုတော့
တစ်ခါတစ်ရံမှာ
လူတစ်ယောက်ကို အရမ်းချစ်မိရင်
ရယူပိုင်ဆိုင်မူတွေနဲ့
ကြိုးပမ်းရသလို
စွန့်လွှတ်နိုင်ဖို့လည်း
ကြိုးစားရတာပါပဲလေ....
ချစ်သူရေ......
နင် ငါ့ကို မချစ်တော့လို့
စွန့်ပစ်သွားမယ့်
တစ်နေ့နေ့အတွက်
ငါ နေသားကျအောင်
လေ့ကျင့်ထားပါတယ်.....
*နင့် ကို ငါ သိပ်ချစ်တယ်*.....
...ထာဝရညလေး....
ချစ်သူရေ........
ငါ့ရဲ့ ကော်ဖီခါးခါးလေး
ချိုစိမ့်မူတွေနဲ့
ရောလာခဲ့လို့
အရသာတွေ
ကင်းမဲ့ ပျောက်ပျက်နေရပြီ....
ငါ့ ကော်ဖီခွက်လေးထဲ
နင် နို့ဆီတွေနဲ့
ခပ်ထည့်လိုက်တာလား?
ငါ မကြိုက်မှန်း သိလျက်နဲ့
ဘာကြောင့်များ
နင့်ကို မုန်းတီးအောင် လုပ်ချင်ရတာလဲ..?
ဒါပေမယ့်ဟာ
နင့်ကို မမုန်းပါ
နင့်ကို ချစ်လွန်းမူတွေနဲ့
နင် ဖျော်ပေးတဲ့ ချိုစိမ့်ကော်ဖီကို
သောက်တတ်အောင်
ကျင့်ရမှာပေါ့.....
အကုန်ပြောမယ်ကွာ
အဆိပ်တွေနဲ့
ဖျော်ခဲ့ရင်တောင်
အပြုံးမပျက်ဘဲ
နင် ကျေနပ်အောင်
ငါ သောက်သုံးပေးပါ့မယ်....
ချစ်စိတ်တစ်ခုတည်းနဲ့
နင် ဘယ်လိုကြိုးဆွဲဆွဲ
ငါ , က နေပေးပါမယ်...
နင့်ကို စချစ်မိကတည်းက
အဲဒီအချစ်နဲ့ ထပ်တူညီတဲ့
စွန့်လွတ်ခြင်းတွေကို
ငါ့ ရင်မှာ ထားရှိပြီးသားပါ...
ဘာကြောင့်လဲဆိုတော့
တစ်ခါတစ်ရံမှာ
လူတစ်ယောက်ကို အရမ်းချစ်မိရင်
ရယူပိုင်ဆိုင်မူတွေနဲ့
ကြိုးပမ်းရသလို
စွန့်လွှတ်နိုင်ဖို့လည်း
ကြိုးစားရတာပါပဲလေ....
ချစ်သူရေ......
နင် ငါ့ကို မချစ်တော့လို့
စွန့်ပစ်သွားမယ့်
တစ်နေ့နေ့အတွက်
ငါ နေသားကျအောင်
လေ့ကျင့်ထားပါတယ်.....
*နင့် ကို ငါ သိပ်ချစ်တယ်*.....
...ထာဝရညလေး....






0 comments:
Post a Comment