Tuesday, October 1, 2013

အဖြည့်ခံ


တကယ်ဆိုရင် ကျွန်တော်က
တန်ဖိုး ကျ သွားတဲ့
သုည တလုံးဖြစ်နေတာ
ကြာပြီ လေ...
 ကြည့်ရတာ  
ဒသမနောက်မှာနေရလွန်းလို့ဖြစ်မယ်။

 နေရာပေးစရာတွေများလာတာလို့
ဆင်ခြေပေးလည်း
အစထဲကတန်ဖိုးမဲ့နေတဲ့ဘဝ
ကျွန်တော်သုညပါ
ဒါပေမဲ့နေသာပါတယ်
 နေရာလိုက်တန်ဖိုးသတ်မှတ်ဖို့
ဘယ်ဂဏန်းစဉ်နောက်ကရပ်ရပ်
သူတို့ဘဝနေရာလှလှနဲ့အခြေကျရင်ပျော်ပါတယ်။
ကျွန်တော်သာတိုက်ပုံတစ်ကားကား
 ပုဝါတစ်လွှားလွှားနဲ့ရှေ့မှာရပ်မိရင်
ကျွန်တော့်ကြောင့်သူတို့
သိက္ခာကျအရှက်ရနေမှာပေါ့။
ကိုယ့်ဘဝပေးအားနည်းချက်
ကိုယ့်ဘာသာတွက်ပြီး
 နောက်တန်းမှာမငြီးမငြူကျွန်တော်အဖြည့်ခံလူပါ။

0 comments:

Post a Comment