အချိန်ဆိုတာ လှည့်စားတတ်တဲ့......ကဝေ
ဘယ်မှာပဲတွေ့ခဲ့ တွေ့ခဲ့
အချိန်တန်တော့လည်း
အိမ်ပြန်ရတာပဲပေါ့..
ငါ့နှလုံးသား
လေနှင်ရာတိုင်း မလွင့်ခဲ့ပေမယ့်
သူမရဲ့ ဆံနွယ်တစ်ချက် ခတ်တိုင်း
ငါ မူးမေ့မလဲရအောင်...ထိန်းရတယ်
စိန်ခေါ်မှုတစ်ခုလို
ငါ့နှုတ်ခမ်းက စကားလုံးအတွက်
ငါ့ ကိုယ် ငါ အကြိမ်ကြိမ်
ပြန်စိန်ခေါ်ခဲ့တယ်...
ဒါပေမယ့်
ငါအမျိုးစုံသော နည်းလမ်းတွေနဲ့
ကျဆုံး..
ငါ့နှလုံးသား ဒဏ်ရာတွေ
ဗရပွနဲ့
သူမ အိမ်က တပ်ခေါက်ခဲ့ရတဲ့
နေ့တွေ....
များခဲ့ ...
ကျေးဇူးပြုပြီး
မျက်ဝန်းတွေကို နားလည်လိုက်ပါလား
ဘယ်မှာပဲတွေ့ခဲ့ တွေ့ခဲ့
အချိန်တန်တော့လည်း
အိမ်ပြန်ရတာပဲပေါ့..
ငါ့နှလုံးသား
လေနှင်ရာတိုင်း မလွင့်ခဲ့ပေမယ့်
သူမရဲ့ ဆံနွယ်တစ်ချက် ခတ်တိုင်း
ငါ မူးမေ့မလဲရအောင်...ထိန်းရတယ်
စိန်ခေါ်မှုတစ်ခုလို
ငါ့နှုတ်ခမ်းက စကားလုံးအတွက်
ငါ့ ကိုယ် ငါ အကြိမ်ကြိမ်
ပြန်စိန်ခေါ်ခဲ့တယ်...
ဒါပေမယ့်
ငါအမျိုးစုံသော နည်းလမ်းတွေနဲ့
ကျဆုံး..
ငါ့နှလုံးသား ဒဏ်ရာတွေ
ဗရပွနဲ့
သူမ အိမ်က တပ်ခေါက်ခဲ့ရတဲ့
နေ့တွေ....
များခဲ့ ...
ကျေးဇူးပြုပြီး
မျက်ဝန်းတွေကို နားလည်လိုက်ပါလား






0 comments:
Post a Comment