တိမ်ရောင် ရွှန်းစို လမင်း ငိုတဲ့ ....ည
ဂျူလိုင် မိုးအနှောင်း
အကြောက်တရားတစ်ခုနဲ့
ရှေ့ဆက်မရ....
မာနတွေ ကင်းလို့
မင်း...မင်းးး ဖြူစင်သွားတာလား.....
အံ့သြရိပ် မျက်နှာနဲ့
ကိုယ့်ပါးကိုယ်ရိုက်မိတယ်....
မဖြစ်နိုင်မှန်းသိလျက်
စိတ်ကူးတွေနဲ့ လက်ထပ်တဲ့ နေ့.....
အိမ်မက်ကတော့ ကြည်နူးဖို့ကောင်းလိုက်တာ....
မိုးတွေကတော့ ရွာဆဲ
ဖားလေးတွေ အော်ဆဲ
ပုရစ်လေးတွေ ဆူညံဆဲ
ငါ့ရင်ခုန်သံတွေလည်း
ခြေသံဝှက်ဆဲ.....
မာန်
ဂျူလိုင် မိုးအနှောင်း
အကြောက်တရားတစ်ခုနဲ့
ရှေ့ဆက်မရ....
မာနတွေ ကင်းလို့
မင်း...မင်းးး ဖြူစင်သွားတာလား.....
အံ့သြရိပ် မျက်နှာနဲ့
ကိုယ့်ပါးကိုယ်ရိုက်မိတယ်....
မဖြစ်နိုင်မှန်းသိလျက်
စိတ်ကူးတွေနဲ့ လက်ထပ်တဲ့ နေ့.....
အိမ်မက်ကတော့ ကြည်နူးဖို့ကောင်းလိုက်တာ....
မိုးတွေကတော့ ရွာဆဲ
ဖားလေးတွေ အော်ဆဲ
ပုရစ်လေးတွေ ဆူညံဆဲ
ငါ့ရင်ခုန်သံတွေလည်း
ခြေသံဝှက်ဆဲ.....
မာန်






0 comments:
Post a Comment