ဘဝကလှလှပပ..
ကလို့မရမှတော့
ပါတ်ကြမ်းတီးပွဲပဲပြီးလိုက်ချင်တယ်။
ထီးတစ်ချောင်းကို
နှစ်ယောက်လုံအောင်မဆောင်းတတ်ရင်
ဒါမေတ္တာတရားချို့တဲ့တာ
ပျော်ပါ
ငိုပါ
စိတ်ရဲ့စေစားရာကို
မလိုက်ပါနိုင်မှတော့
တရားတံဆိပ်ကပ်
အေးဆေးခြင်းနဲ့မနီးစပ်လိုတော့။
တစ်ရက်နောက်တစ်ရက်
ဘဝနေနည်းကိုသင်လိုက်ရတာ
သင်ခန်းစာကဆုံးကိုမဆုံးနိုင်ဘူး။
ကြက်ခြေခတ်များများနဲ့
မှင်နီတားထားတဲ့
ဘိုင်အိုဂရပ်ဖီကကိုယ်
ထားလိုက်ပြီ
ဘယ်သူနဲ့ယှဉ်ယှဉ်ကိုယ်အရှုံး
နှလုံးအေးချမ်းလိုက်တာ
ငါမှားတာငါမှားတာနဲ့
စိတ်ကူးတွေကညံ့
ကိုယ့်အတွေးက
ကိုယ်အတွင်းကိုဖောက်ပြီး
ဘယ်ဘောင်မှမကျော်
အားကျတယ်
ထမ်းဆောင်ချင်တယ်
့ငြိမ်းချမ်းချင်တယ်
ဖြည့်ဆည်းချင်တယ်
ချင်တယ်
ချင်တယ်
ချင်တယ်နဲ့
ကိုယ့်ရပ်တည်မှုကိုယ်ပြန်ချဉ်
စိတ်ကျရောဂါဝင်လာတော့
ကိုယ့်ဟာသကိုယ်ပြန်မရီရတာကြာပြီ။






0 comments:
Post a Comment