Thursday, October 3, 2013

Anatomy



ကာပရိုက်တာ မကောင်းတော့
ချောင်းလည်း တဟွတ်ဟွတ်နဲ့....
စက်သံတောင် မပီတော့ဘူး.....။
အင်ဂျင်ပြန်ကိုင်ထားတာ မကြာသေးလို့
နှလုံးသားဟိုက်ဝေး လမ်းကို မမောင်းရဲသေး။
နေ့လည်း မနား ညလည်း မအိပ်နဲ့
ဘော်ဒီရုံပဲ ခဏခဏ ပို့နေရတဲ့
ငါ့ကိုယ်ငါ စီးနင်းရတာလဲ မညက်ညောတော့ဘူး...။
အင်ဂျင်ဝိုင်လည်း မမှန်...
ဆီလည်း မဖြည့်နဲ့
တဖြည်းဖြည်း ပိန်လို့ပဲ လိုက်နေတယ်.။
ရောက်ချင်ရာရောက် သွားနေတဲ့
ခြေထောက်တွေလည်း တာယာပါးနေပေါ့
အခန်းပျက်နေတဲ့ ဘက္ထရီကြောင့်
ထွက်လာတာလည်း ညှီစို့စို့ ကဗျာတွေပဲ များနေပြီ။
တန်ပို တင်မိတဲ့ အချစ်တွေကြောင့်
အလေးချိန် မခံနိုင်လို့ လေး ကျိုး ပြီပေါ့ဗျာ..။
နောက်ဆုံး ၀င်ချင်ဝင် ထွက်ချင်ထွက်
စီးချင်သူ စီးလို့ရအောင် ငါ့တံခါးပေါက်လေးမှာ
သော့လေးချိတ်ထားတယ်...
သန်းခေါင်ထက် တော့ ညဉ့်မနက်လောက်တော့ပါဘူးဗျာ။ ။
 
  • စစ်မင်းနေ

0 comments:

Post a Comment